University Of Computer Studies, Pyay

ပညာရေးဝန်ကြီးဌာန

အဆင့်မြင့်ပညာဦးစီးဌာန

ကွန်ပျုတာတက္ကသိုလ်(ပြည်)

ပထမနှစ်သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း


  • (က) ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များ ပါဝင်သည့် ဘာသာတွဲတစ်ခုခုဖြင့် အောင်မြင်ပြီး စုစုပေါင်း ရမှတ် (၃၆၀) နှင့် အထက် ရရှိသူများ ထပ်မံလျှောက်ထားနိုင်သည်။
  • (ခ) ၁၃-၁၂-၂၀၁၉ ရက်(သောကြာနေ့) နောက်ဆုံးထား၍ ကွန်ပျုတာတက္ကသိုလ်(ပြည်) သို့ သတ်မှတ်လျှောက်လွှာ ပုံစံဖြင့် တိုက်ရိုက် လျှောက်ထားနိုင်သည်။ ဝင်ခွင့်လျှောက်ထားသူများသည် အောက်ပါတို့ကို ပူးတွဲတင်ပြရမည်။
    • (၁) တက္ကသိုလ်ဝင်တန်းအောင် လက်မှတ် (သို့) အောင်မြင်ကြောင်းထောက်ခံစာ၊
    • (၂) အမှတ်စာရင်း (မူရင်း)၊
    • (၃) နိုင်ငံသားစိစစ်ရေးကဒ်ပြား(မိတ္တူ) (သို့) နိုင်ငံသားလက်မှတ်(မိတ္တူ) (သို့) နိုင်ငံသားဖြစ်ရန် လျှောက်ထားဆဲဖြစ်ပါက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ထောက်ခံစာ မူရင်း။
  • (ဂ) သင်တန်းဆိုင်ရာအသေးစိတ်အချက်အလက်များကိုဖုန်း၀၅၃-၂၈၆၃၉ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

Copyright ©2020 Unversity Of Computer Studies, Pyay. All rights reserved.